ကမ္ဘာပေါ်က ဆောင်းတွင်းမှာ အသွားအများဆုံးလည်ပတ်စရာ နေရာတွေ.....

       အေးမြတဲ့ ဆောင်းရာသီ ခရစ်စမတ်ကာလမှာ လူတွေ လည်ပတ်မှုအများဆုံး နေရာလေးတွေရှိပါတယ်။ ကိုယ်တိုင်လည်း သွားချင်ရင် သွားနိုင်အောင် လမ်းညွန်ပေးထားတဲ့ ဆောင်းရာသီ လည်ပတ်ဖို့ အကောင်းဆုံးနေရာ ၇ ခု ကတော့ -




၁။ Chicago , USA - January & February မှာ အအေးဆုံးဖြစ်ပြီးတော့ အေးခဲ မှတ် အရမ်းနိမ့်တဲ့ အတွက် Michigan Lake တစ်ခုလုံး မှာရေခဲ ပြင် ဖြစ် နေ တတ်ပါတယ်။ ရေခဲ ပြင်စကိတ်စီး ခြင်းလည်း လုပ်နိင်သေးပြီး အေးစိမ့်စိမ့် ရာသီဥတုမှာ Chicago ဗော်ကာ သောက်ရင်း အရသာခံ တာကလည်း အရသာတစ်မျိုးဖြစ်စေမှာပါ။




၂။ Tallinn, Estonia - Tallinn မြို့ရဲ့ ဆောင်းရာသီ ခရစ်စမတ်ပွဲတော် က နာမည်ကြီးပါတယ်။ တစ်မြို့လုံးရဲ့ ခရစ်စမတ်အပြင်အဆင်တွေက အရမ်းကိုလှပပြီး ညဘက်တွေမှာလည်း မီးထွန်းထားတဲ့ မြို့လေးက တော်တော် စွဲမက်ဖွယ်ဖြစ်ပါတယ်။ ပွဲတော်ရက်တွေ မှာလည်း မီးအလှဆင်ကားပြပွဲတွေ ပြိုင်ပွဲတွေ ကလည်း ပါဝင်ဆင်နွဲ ချင်စရာပါပဲ။
 

၃။ Plitvice National Park, Croatia - Great Water Fall park လို့ ပြောရလောက်အောင်  အေးခဲနေတဲ့ ရေတံခွန်ကြီးတွေက Croatia မှာ နာမည်ကြီးပါပဲ။ အပြာရောင်သန်းနေတဲ့ ရေခဲ ရေတံခွန်ကြီးကို နောက်ခံထားပြီး photo ရိုက်မလား ၊ အေးခဲနေတဲ့ သစ်တော လို့ ခေါ်တဲ့ နေရာက သစ်တောအုပ်ကြီးထဲမှာ photo ရိုက်မလား လှပတဲ့ နေရာတွေ ပေါပါတယ်။



     ၄။ Jigokudani monkey Park, Japan- ရေခဲမှတ်ရောက်နေတဲ့ ရေကန်တွေ ထဲ မှာ ကူးခတ်နေတဲ့ မျောက် တွေ ကို သင်မြင်လိုက်ရင် တော်တော် ထူးဆန်းနေမလား ။ ပာုတ်ပါတယ် Snow Monkey လို့ ခေါ်တဲ့ မျောက်မျိုးနွယ် က ဂျပန်နိုင်ငံ မှာပဲ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ပန်းခြံအတွင်း က ဂျပန်ရိုးရာစားသောက်ဆိုင်တွေ ကလည်း သင် အကြိုက်တွေ့မယ်ဆိုတာ အသေအချာပါပဲ။
 
 


၅။Banff National Park, Canada- Photoshop လုပ်ထားတယ်လို့ ထင်ရလောက်တဲ့ရှုခင်းတွေ ကို ပိုင်ဆိုင်တာ ကတော့  ကနေဒါနိုင်ငံ Banff National Park ပဲ ဖြစ်ပါတယ်။ စက်ဘီးပတ်စီး ဖို့အတွက် သင့်တော် တဲ့ နေရာတစ်ခု ဖြစ်ပြီး စက်ဘီးစီးပတ်လမ်းသက်သက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ အပန်းဖြေစရာရေပူစမ်းတွေလည်းရှိပြီး ရေကန်ထဲ ကိုအပျော်စီး လှေလှော်သွားနိုင်ပါသေးတယ်။



၆။ Gobi Desert, Mongolia - နှင်းတွေ ဖုံးလွမ်းနေတဲ့ သဲ ကန္တာရ ကြီးမှာ အမွေးရှည် သစ်ကုလားအုတ်ကြီးတွေ စီးချင်သလား ။ နှင်းတွေ ကြားထဲ က မွန်ဂိုလီးယားလူမျိုးတွေ နေထိုင်တဲ့ တဲနေရာလေးတွေ မှာတည်းခို တာ ကလည်း သင့်အတွက် ထူးခြားတဲ့ အတွေ့အကြုံရစေမှာပါ။
 
 


၇။ Lapland , Finland - Nothern Light လို့ခေါ်တဲ့အမှောင်ထုထဲက နတ်သမီး အလင်းတန်းလေးတွေ ကတော့ သင့်အတွက် ဖင်လန်းနိုင်ငံ Lapland  က အကောင်းဆုံးညရှုခင်းပါပဲ ။ Husky ခွေးတွေ ဆွဲတဲ့ စွတ်ဖားလှည်း ကလည်း သင့်အတွက် ထူးခြားစေပါတယ်။ Lanio Snow village လိုမျိုး ရေခဲအိမ်တွေ နှင်းတွေပေါ်က ကောင်းကင်ရထားရှုခင်းတွေ က စိတ်လှုပ်ရှားစရာကောင်းပါတယ်။


Comments