အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် အောင်လအန်ဆန်သည် မြန်မာ့သမိုင်း တစ်လျှောက် ONE Championship ပြိုင်ပွဲတွင် အောင်မြင်မှုအရှိဆုံး ကစားသမား တစ်ဦးဖြစ်ပြီး သူ၏ နာမည်ကျော်ချုပ်ကွက်ပညာ ကျွမ်းကျင်မှုကြောင့် “မြန်မာ့စပါးအုံး” အဖြစ် တင်စားခေါ်ဝေါ်ခြင်းခံထားရသူလည်းဖြစ်သည်။
ကချင်ပြည်နယ် တောင်တန်းဒေသရှိ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည့် ကချင် တိုင်းရင်းသားတစ်ဦးဖြစ်သူ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန်လ ၂၀၁၇ ခုနှစ်က ဗိုက်တလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟု ဒိုင်များ၏ တညီတညွတ်တည်း ဆုံးဖြတ်မှုနှင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်း လည်းဖြစ်ပါတယ်။
ဒီနေ့ကစားခဲ့တဲ့ လက်ဘနွန်နိုင်ငံသားဖြစ်သူ ကိုယ်ခံပညာမျိုးစုံ ထူးချွန်ကစားသမား Mohammad “O Lutador” Karaki သည် အသက် ၂၇ နှစ် နဲ့ပွဲမှာလည်း ပထမအချီမှာ အပြတ်အသတ် အလဲထိုးပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့ပြန်ပါတယ်။
အပူးအချုပ်ကောင်းတဲ့ Karaki ကို အောင်လ အန်ဆန် က လက်သီးချင်းယှဉ်ထိုးတဲ့ တိုက်ကွက်နဲ့ ဆက်တိုက် ဖိ ထိုးခဲ့ပါတယ်။ ပြန်ထိုးဖို့ ပြင်ဆင်ခဲ့ပေမယ့် အောင်လအန်ဆန် က ဘယ် ၀ိုက်လက်သီးပြင်းပြင်းတွေ တရပ်စပ် ပစ်သွင်းခဲ့တော့ Karaki မူးဝေ နေခဲ့ပါတယ် ။
နောက်ဆုံးမှာတော့ .. Karaki မျက်နှာကို ပစ်သွင်းလိုက်တဲ့ ဘယ်လက်သီးတစ်ချက်မှာ တော့ Karaki နှာခေါင်းရိုးကျိုးသွားခဲ့တာကြောင့် ဒိုင်ပွဲရပ်နဲ့ အောင်လအန်ဆန် အနိုင်ရဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်....
ဘော်ဒါ တို့ အောက်က Video ကို ကြည့်ပြီးအားပေးလို့ရပါတယ်...


Comments
Post a Comment