ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်းသိကောင်းစရာ အချက်အလက်များ။
(၁) ဂျပန်ဦးနှောက်ရောင်ရောဂါ ဘာကြောင့်ဖြစ်တာလဲ ။
ဂျပန်ဦးနှောက်ရောင်ရောဂါပိုး
(JE Virus)သယ်ဆောင်လာတဲ့ ခြင်ကနေတဆင့် ကူးစက်ပါတယ်။ရောဂါပိုး ကူးစက်ခံရပါက ဦးနှောက်ရောင်ရမ်းခြင်း
ဦးနှောက်နှင့်ကျောရိုးနာဗ်ကြောမ အပါအ၀င်ဗပိာုအာရုံကြောစနစ် အစိတ်အပိုင်းများကို ထိခိုက်ပြီးသေဆုံးနိုင်ပါသည်။
(၂) ဂျပန်ဦးနှောက်ရောင်ရောဂါ
ကူးစက်ပျံ့နှံ့ပုံ။
ရောဂါပိုးရှိသော
ငှက်များ ( အထူးသဖြင့် ရေစပ်တွေမှာ ဖြတ်သန်းသွားလာနေထိုင်သောငှက်များ) ၊ ၀က် နဲ့ အိမ်မွေးတိရစ္ဆာန်
များကို ကိုက်သော ခြင်မှတစ်ဆင့် လူ ကို ကိုက်တဲ့အခါ ရောဂါကူးစက်ခြင်းခံရပါတယ်။လူတစ်ဦးမှ
တစ်ဦးကို မကူးစက်နိုင်ပါ။
(၃) ဘယ်အသက်အရွယ်
မှာ အဖြစ်များသလဲ။
အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင်
အသက် (၁၅) နှစ်အောက် ကလေးများတွင် အဖြစ်များဆုံးဖြစ်ပါတယ်။
(၄) ဘယ်ဒေသတွေမှာ
အဖြစ်များသလဲ ။
![]() |
| Add caption |
မြန်မာနိုင်ငံအပါအ၀င် အနောက် ပစိဖိတ်နိုင်ငံများ
တွင် အများအားဖြင့် ကျေးလက်ဒေသ ၊ စိုက်ပျိုးရေး နှင့် မွေးမြူ ရေးလုပ်ငန်းများရှိတဲ့နေရာများတွင်
အဖြစ်များပါတယ်။
(၅)ရောဂါ လက္ခှဏာများ။
-ပြင်းထန်စွာဖျားခြင်း။
-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အန်ခြင်း။
-ဇက်တောင့် ခြင်း။
-ကြွက်သားများ နာကျင်ခြင်း။
-အရေပြားတွင် သွေးခြေဥများထွက်ခြင်း။
-သတိလစ်ခြင်း၊တက်ခြင်း၊သွေးလန့်ခြင်း။
(၆) ကြိုတင်ကာကွယ်ခြင်း။
-တစ်ကိုယ်ရေသန့်ရှင်းမှု ကို ဂရုစိုက်ပါ။
-နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပ၀ါ အသုံးပြုပါ
။
-ခြင်ထောင်
ဖြင့်အိပ် ပါ။
-ကလေး သူငယ်များ
အတွက် ကာကွယ်ဆေးကြိုတင်ထိုးခြင်း။
၇) ကုသရန်နည်းလမ်းများ။
ကုသရန် ထိရောက်သော ဆေးဝါးမရှိပါ ။လက္ခဏာအလိုက် ဝေဒနာသက်သာရန် သာ ဆောင်ရွက်နိုင်ပါတယ်။









Comments
Post a Comment