မင်္ဂလာမဆောင်ခင် Pre-wedding photo ရိုက်ဖို့ ပြင်နေကြတဲ့ စုံတွဲတွေအတွက် အကျိုးရှိစေမဲ့ Photoshoot ပုံစံလေးတွေ ကို တင်ဆက်လိုက်ပါတယ်။ အမှတ်တရလည်းဖြစ် ဆန်းသစ်လည်းဆန်းသစ်တဲ့ ပုံစံလေးတွေကတော့-
(၁) လျပ်တပြက်(Snapshot photoshoot)
(၂) ဇာတ်လမ်းသွား (Lovestory Photoshoot)
(၃) အသေးစားပုံစံ (Maniature photoshoot)
(၄) အထင်ကရနေရာ(destination photoshoot)
နိုင်ငံရပ်ခြား က ဖြစ်ဖြစ် နိုင်ငံတွင်းက ဖြစ်ဖြစ် အထင်ကရနေရာတွေ ရိုက်ကွင်းကောင်းတွေ ကို ရှာဖွေရိုက်ကူးတာမျိုးပါ ။အကုန်အကျရှိပေမဲ့ Pre-wedding Photographer ကောင်းကောင်း ငှားပြီးရင် ရှုခင်းကောင်းကောင်း နေရာတွေ က ပုံလှလှလေးတွေရနိုင်ပါတယ်။ အက်ဒမင်ဆို လှော်ကား ရေကန်ကြီးမှာ Pre-wedding ရိုက်နေတဲ့ အတွဲတွေချောင်းခဲ့ အဲ့လေ တွေ့ခဲ့သေးတယ်။
(၅) စိတ်တူကိုယ်တူ(activity style photoshoot)
မိမိချစ်သူနဲ့ တိုက်ဆိုင်တဲ့ စိတ်ကူးလေးတွေ(အားကစား၊ အက ၊ ရုံးပိုင်းဆိုင်ရာ) အတိုင်းရိုက်ရတဲ့ ဖြစ်ပါတယ်။ သူနဲ့ ကိုယ်ရဲ့ အသက်မွေးဝမ်းကျောင်းတွေကိုလည်း ရိုက်လို့ ရတယ်နော်။ ဥပမာ - ယောင်္ကျားလေးက စစ်ဗိုလ်ဝတ်စုံ နဲ့ မိန်းကလေး ကဆရာမ၀တ်စုံ ၊
(၆) ပွဲသွားပွဲလာ (party style photoshoot)
(၇) မိမိ ကိုယ်ပိုင်စတိုင် (own style photoshoot)
မိမိ တို့ စိတ်ကူး စိတ်သန်း အတိုင်း ဖြစ်ဖြစ် ဓါတ်ပုံဆရာ စိတ်ကူးအတိုင်းပဲဖြစ်ဖြစ် ထူးထူး ခြားခြားလေး ရိုက်ကူးတာကလည်း အမှတ်တရဖြစ်စေမှာသေချာပါတယ်။
ကဲ ၀ါလည်းကျွတ်ပြီဆိုတော့ မိမိ သက်ဆိုင်သူတွေ ကိုယ်စီ နဲ့ စိတ်ကြိုက်ပုံစံလေးတွေ ရိုက်ကူးနိုင်မယ်လို့မျော်လင့်ပါတယ် ။
















Comments
Post a Comment