ယနေ့ ခေတ် လူကြီးလူငယ် မရွေး ဂိမ်းဆော့ကစားခြင်းမှာ အချိန် ဖြုန်းလာကြတာကို
တွေ့ရှိရပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း သင့်တော်သည်ထက်ပိုမို တဲ့
အချိန်ဖြုန်းခြင်းတွေ ဖြစ်လာတဲ့ အခါ မှာ တွေ့ရှိရတာကတော့ ကိုယ့် ဆော့ကစားနေတဲ
့ဂိမ်းအပေါ် စွဲလမ်းခြင်းဆိုတာပါပဲ ။
အများအားဖြင့် Dota 2 ၊ Mobile Legends : Bang Bang ၊ Counterstrike၊ PUBG ဂိမ်းမျိုးတွေ ကို စွဲလမ်းစွာ ဆော့ကစား ပြီး ဂိမ်းစွဲနေသူ တွေ အများအပြားကို တွေ့ ရှိနိုင်ပါတယ် ။ အချိန်ကြာမြင့်စွာ ဆော့ကစားခြင်းကြောင့် ထိုင်းမှိုင်းခြင်း ၊ ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အကျိုးအပြစ်တွေ ကိုလည်း ခံစားရနိုင်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်ရာ စိတ်အပန်းဖြေဖို့ ဂိမ်းဆော့ကစားရာက နေ အလွန် အကြူး ဆော့ကစားခြင်း မျိုးဖြစ်မလာအောင် ဆင်ခြင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) ကစားချိန် ကန့်သတ်လိုက်ပါ ။
ပထမဆုံးအနေနဲ့ အချိန်ကန့်သတ်ကစားခြင်းက ဂိမ်းစွဲ ခြင်းကို ထိထိရောက်ရောက် ကုစားပေးနိုင်သလို ကိုယ်တိုင်လိုက်နာဖို့ ခက်ခဲတဲ့ အထဲမှာလည်းအသေချာ ပါဝင်နေပါတယ် ။အတတ်နိုင်ဆုံး မိမိ ကစားချိန် ကို အချိန် အကန့်အသတ်မဲ့ ကစားနေရာ ကနေ အချိန် ကန့်သတ်ပြီး ကစားပါ။ ဖုန်း ကို Alram ပေးထားခြင်းဖြင့်လည်း ဂိမ်းကစားခြင်းအတွက်အချိန်ဘယ်လောက်ဖြုန်းမိသလဲ ကို သတိပြူမိနိုင်ပါတယ်။
(၂) မိဘ ၊သူငယ်ချင်း ၊ချစ်သူ ကို အချိန်ပေးကြည့်ပါ ။
သင်တစ်နာရီ ဂိမ်းဆော့မဲ့ အစား မိဘ ၊သူငယ်ချင်း ၊ချစ်သူနဲ့ ငါးမိနစ်လောက် စကားစမြည်ပြောခြင်းက သင့်အတွက် နွေးထွေးမှု ဖြစ်စေမှာပါ ။ ဂိမ်းပဲဆော့နေပြီး ကိုယ့် လက်တွေ့ဘ၀ ဆုတ်ယုတ်သွားတာမျိုးကို တော့ အဖြစ်မခံသင့်ပါဘူး။
(၃) အကျိုးအပြစ်ကို သိနေပါစေ ။
သင်ဂိမ်းအလွန် အကျွံဆော့ခြင်းကြောင့် အိပ်ရေးပျက်တာတွေ မျက်စိညောင်းတာတွေ ဝေဒနာခံစား ရတာကို သိခြင်းဖြင့် အလွန်အကျွံမဆော့သင့်တာကို ဆင်ခြင်တတ်လာပါလိမ့်မယ်။ သ့င်ဂိမ်း အလွန်အကျွံဆော့ခြင်းကြောင့် သင့်ဘ၀တိုးတက်ရေးတွေနှောင့်နှေးလာတာကို ဆင်ခြင်သင့်ပါတယ်။
(၄) ဂိမ်းဆော့တာက ဘ၀ကြီးမပာုတ်ပါဘူး။
ဂိမ်းဆော့ကစားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမလုပ်ဘူးဆိုရင်တော့ဖြင့် ဂိမ်းဆော့ခြင်းက သင့်အတွက် ဘ၀ကြီးတစ်ခုလို စိတ်နှစ်ထားခြင်းမျိုးမလုပ်သင့်ပါဘူး ။ သင့် ဘ၀တိုးတက်ရေးက အရင် ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ဂိမ်းဆော့တာကိုတော့ စိတ်အပန်းဖြေဖို့ သက်သက် သာ အသုံးချသင့်ပါတယ်။
(၅) ညမအိပ်ပဲ ဂိမ်းဆော့တာတွေ လျော့ပါ ။
ညဘက်မအိပ်နိုင်လို့ ဂိမ်းဆော့တယ် ဆိုပေမဲ့ တကယ်က ဂိမ်းဆော့နေလို့ ညဘက်မအိပ်နိုင်တာပါ။ဖုန်း သို့မပာုတ် ကွန်ပြူတာ မျက်နှာပြင်က ထုတ်လွင့်တဲ့ အလင်း ကို ညအမှောင်မှာကြည့် ပီး ဆော့ကစားတာ ဖြစ်တဲ့ အတွက် ညဘက် အိပ်ချင်စိတ် ဖြစ်စေတဲ့ ပောာ်မုန်းကို ဆုတ်ယုတ်စေပါတယ် ။အဒါကြောင့် ညဘက် မအိပ်နိုင်ကြတာပါ ။
ဒါ့အပြင် လူတစ်ယောက် ပာာ ညမအိပ်ပဲ နေမယ်ဆိုရင် ၈ရက်ဆက်တိုက်ပဲ အသက်ရှင်နိုင်ပါတယ်။ တစ်ညမအိပ်ရရင် ထိုင်းမှိုင်းမယ် ။ နှစ်ည ဆက်တိုက်အိပ်ရေးပျက်ရင် ဒေါသထွက်မယ် ။ သုံးညဆက်တိုက်ဆို စိတ်မူမှန်ဖြစ်မယ် စသည်ဖြင့် အသက်သေဆုံးတဲ့ အထိ ဖြစ်သည့် အတွက် နေ့မနား ညမနား ဂိမ်းဆော့ကစားတာတွေ ရပ်တန့်သင့်ပြီဖြစ်ပါတယ် ။
အဆုံးသတ်အနေနဲ့ က တော့ လူတွေ ပာာ ကိုယ့် လက်တွေ့ ဘ၀ ကို ပဲေ၇ှးရှု ပြီး ဂိမ်းဆော့ကစားခြင်းကို ကိုယ်ပိုင်အသိစိတ်နဲ့ လျော့ချလိုက်မယ်ဆိုရင်ဖြင့် အနည်းနဲ့ အများ တိုးတက်လာတဲ့ ဘ၀ ကို ခံစားမိမှာ ဖြစ်တဲ့ အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သာ ဂိမ်းဆော့ကစားခြင်းကို လေျာ့ချ ဖို့ တိုက်တွန်းလိုက်ရပါတယ် ။

Comments
Post a Comment