ကမ္ဘာနိုင်ငံ တွေရဲ့ ထင်ရှားတဲ့ မြို့တွေ အကြောင်းပြောပြမှာပဲ ဖြစ်ပါတယ် ။
နေချင်စဖွယ်ကောင်းပြီး စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း၊
လူနေမှုဘ၀လုံခြုံမှု ရှိတဲ့ မြို့ကြီး ၈ မြို့အနေနဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့
မြို့တွေကတော့-
၁။ Vienna, Austria --
အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာတွင် ခုနှစ်ကြိမ် တိုင်ရရှိထားသော မြို့ဖြစ်ပါတယ်။
ကြွယ်ဝသောလူနေမှုအဆင့်အတန်း များနှင့် လူနေထူထပ်တဲ့ မြို့ တစ်မြို့ဖြစ်ပါတယ်။
ဂီတမြို့တော်လို့ တင်စားထားကြရလောက်တဲ့ အထိ ဂီတ ပညာ ထွန်းကားပါတယ်။
၂။
Zurich, Switzerland -- စီးပွားရေး နဲ့ ယဉ်ကျေးမှု
အဆင့်အတန်းထွန်းကားတဲ့မြို့ဖြစ်ပြီး နေထိုင်ဖို့ ကောင်းတဲ့ နေရာထဲမှာ တစ်ခု
အပါအ၀င်ဖြစ်ပါတယ်။
၃။
Auckland, New Zealand -- ကြီးမားတဲ့ ဆိပ်ကမ်းကြီးနှစ်ခု ကို ပိုင်ဆိုင်ပြီး
စီးပွားရေးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ နေထိုင်သူ ပြည်သူတွေအတွက်
လုံခြုံမှုအာမခံချက်ရှိတဲ့ မြို့တစ်မြို့ပါပဲ။
၎။
Munich, Germany — လျပ်စစ်မြို့တော်တစ်ခုဖြစ်ပြီး အကောင်းဆုံး နေထိုင်မှု
အဆင့်အတန်းရှိတဲ့ မြို့တွေထဲ က တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
၅။
Vancouver, Canada --။ကနေဒါနိုင်ငံ ရဲ့လူနေ သိပ်သည်းဆုံး ဖြစ်ပြီး ကမ်းခြေ
နေ၀င်အလှနဲ့ ဆောလမွန်ငါး၊ ပင်လယ်စာ ပွဲတော်ကလည်း နာမည်ကြီးပါတယ်။
၆။
Dusseldorf, Germany --ဖက်ရှင် ထုတ်ကုန် နာမည်ကြီးတော်တော်များများ
စုဝေးရာနေရာဖြစ်ပါတယ်။ အနုပညာ ပြပွဲများလည်း စည်စည်ကားကားကျင်းပတတ်တဲ့
မြို့တစ်မြို့ဖြစ်ပါတယ်။
၇။
Frankfurt, Germany-- ကမ္ဘာ့ကုန်စည်ပြပွဲများ ကမ္ဘာကျော်ဆို်င်ကယ်ဖြစ်တဲ့ Frankfurt
Motor ရဲ့ ပြပွဲက လည်း ထင်ရှားပါတယ်။
၈။
Geneva, Switzerland -- လူချမ်းသာများ ပညာတတ် အသိုင်းဝန်းများ ပေါ်ထွန်းရာနေရာ
ပဲဖြစ်ပါတယ် ။ နိုင်ငံတကာက ပညာရေးအတွက် ကျောင်းတက်ကြသူများပြားတဲ့
မြို့ပဲဖြစ်ပါတယ်။








Comments
Post a Comment