ဘောစိတွေ အသွားများဆုံး ပာန်းနီးမွန်းနေရာ ကောင်းကောင်းလေးတွေ.....

ချစ်သူနဲ့ ပာန်းနီးမွန်းထွက်ဖို့ နေရာကောင်းလေးတွေ ကို လမ်းညွန်ပေးစေချင်ပါတယ် ။ ငွေကုန်ကြေးကျရှိပေမဲ့ ဘ၀မှာ ထပ်ရဖို့ ခဲယဉ်း တဲ့ အချိန်ကာလလေး ကို အကောင်းမွန်ဆုံး ဖြတ်သန်းချင်သူတွေ အတွက် -

၁။ Bora Bora , French polynesia - ကြည်လင်တဲ့ ပင်လယ်ရေပြင်ကျယ်ကြီး အပြင် ကမ်းခြေတစ်လျောက်က အရောင်စုံငါးလေးတွေက စိတ်လှုပ်ရှားဖွယ်ရာဖြစ်စေမှာပါ။ သဲဖြူဖြူ လေးတွေ ကြားမှာ လေအေးအေးလေးနဲ့ လမ်းလျောက်ရတာ စိတ်ခံစားမှု ကျေနပ်စရာအတိဖြစ်စေမှာပါ။ အကောင်းဆုံးကျွန်းစုတွေထဲ ကတစ်ခု အပါအ၀င်ဖြစ်ပြီး  ဘိုရာဘိုရာလို့ခေါ်တဲ့ ကျွန်းစုနိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ Mount Otemanu ပေါ် ကို helicopter နဲ့ လှည့်ပတ်ကြည့်ပြီး vanilla bean ခင်း ကြီးတွေ မှာ လည်း လည်ပတ်ဖို့ပျော်ရွင်စရာဖြစ်ပါတယ်။စိတ်လက်ပေါ့ပါးပြီး လန်းဆန်းတဲ့ ပာန်းနီးမွန်းအတွေ့အကြုံတွေအတွက် ကောင်းမွန်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။


၂။ Bali , Indonesia - ကျွန်းငယ်လေးများ ရဲ့ ဘုရင် လို့ တင်စားခေါ်ဝေါ် ခြင်းခံရတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ Tanah Lot Temple, Uluwatu Temple ,Besakih Temple တွေ ကထင်ရှားတဲ့ ဘုရားကျောင်းတွေဖြစ်ပြီး Ubad monkey forest လိုမျောက်တွေရှိတဲ့ တောအုပ်ကြီးလဲရှိပါတယ်။ ဘာလီရဲ့ ဆာဖာရီဥယျာဉ်ကလည်း အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လည်ပတ်စရာတွေများလွန်းလို့ ပာန်းနီးမွန်းကို တစ်လလောက်အချိန်ဖြုန်းရလောက်မဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
 


၃။ Paris ,France - အချစ်နဲ့ပတ်သက် တဲ့ စိတ်ကူးယဉ်စရာနေရာကောင်းလေးအဖြစ် ရပ်တည်နေတာကတော့ ပဲရစ်မြို့ ပဲဖြစ်ပါတယ်။ ကော်ဖီဆိုင်တွေ မုန့်ဆိုင်တွေ ပေါများပြီး ကော်ဖီကောင်းကောင်းကို ဇိမ်ခံသောက်ရင် အရသာရှိရှိ ဖြတ်သန်းနိုင်ပါတယ် ။အီဖယ် မျော်စင်ပေါ် ကနေ အပန်းဖြေ ပဲရစ်မြို့တစ်ခုလုံးခြုံကြည့်ရတဲ့ အရသာကလည်းကောင်းမွန်တဲ့ ခံစားချက်တွေ ခံစားရစေမှာသေချာပါတယ်။ ပာန်းနီးမွန်းမှာ ပဲရစ်မှာပဲ ကုန်ဆုံးမယ်လို့ စိတ်ကူးထားရင် အခုထဲ ကပြင်ဆင်ထားလိုက်တော့နော်။




၎။ Venice ,Italy - အီတလီနိုင်ငံ ဗင့်ဆင့် မြို့ ကလည်း သင့်အတွက်ကောင်းမွန်တဲ့ နေရာတစ်ခုပါပဲ။ ခရစ်ယာန် ချက်ကျောင်းများရဲ့ လှပတဲ့ ရှေးဆန်မှုတွေ ၊ Palazzo Ducale လို့ခေါ်တဲ့ မြို့ကိုပတ်ပြီးလှေစီးတာတွေ ကလည်းကောင်းမွန်တဲ့ အပန်းဖြေမှုတွေပါပဲ။ Pompeii မီးတောင်သေလိုမျိုး ရာဇ၀င်တွင်တဲ့ လှပတဲ့ နေရာကိုလည်း လည်ပတ်နိုင်ပါသေးတယ်။ အနုပညာဆန်ဆန် မြို့ ကြီးထဲမှာ သင့် ရဲ့ တန်ဖိုးရှိတဲ့ ပာန်းနီးမွန်းကာလကို ကုန်ဆုံးခြင်းကလည်း သင့်တော်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။
 




၅။Santorini , Greece - ဂရိနိုင်ငံ ရဲ့ မီးတောင်သေကျွန်းမြိုလေ့းဖြစ်တဲ့ ဆန်တိုရီနီ မြို့လေး ကလည်း ကမ္ဘာပေါ်မှာ အလှဆုံး နေ၀င်ချိန်ကို ချစ်သူနဲ့ ခံစားဖို့နိုင်မှာပဲ ဖြစ်ပါတယ်။ ဆန်တိုရီနီ မြို့ရဲ့ ထွက်ကုန် ၀ိုင်ကလည်း အကောင်းစား ၀ိုင် အမျိုးအစားထဲမှာ တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။စိတ်လှုပ်ရှားဖွယ် ရွက်လှေစီးခြင်း ၊ကပွဲရွင်ပွဲ တွေ ကလည်း အကောင်းဆုံး ပာန်းနီးမွန်းကုန်ဆုံးဖို့ နေရာလေးတွေပဲဖြစ်ပါတယ်။



Comments