နားမကြားတဲ့အဆိုတော်မလေး Mandy Harvey..

        အခု တစ်ခေါက် ကတော့ နားမကြားရတဲ့ အဆိုတော်မလေးတစ်ဦး အကြောင်း ကို ဖော်ပြပေးသွားချင်ပါတယ် ။
     နားမကြားပေမဲ့ သီချင်းတွေကို သာမန်လူတွေ ထက်သာအောင်သီဆိုနိုင်ပြီး သွက်လက်တဲ့ ပာန်ပန်ရှိပေမဲ့ ဘ၀ရဲ့ အချိုးအကွေ့ကြောင့် အကြားအာရုံချို့တဲ့ ခဲ့ရတဲ့ သူမက တော့ - 
  



                 လွန်ခဲ့တဲ့ ခြောက်လ လောက်က ကျင်းပခဲ့ တဲ့ America Got Talent Show မှာ ဦးသိန်းတန် ထက် ရစ်တဲ့ဒိုင် Simon Cowell ကြီး ကိုယ်တိုင် Golden Buzzer ပေးခဲ့တဲ့ Mandy Harvey လို့ခေါ်တဲ့ ကောင်မလေးပဲဖြစ်ပါတယ်။
           သူမ အသက် (၁၈) နှစ် တည်းက အပြင်းဖျားရာကနေ နားအတွင်း နားစည် Tissues ချို့တဲ့ သောရောဂါကြောင့် အကြားအာရုံဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ် ။ ယခုလက်ရှိ အသက်(၂၉) နှစ်ရှိပြီဖြစ်ပြီး ဆယ်နှစ်တောင်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။
           သီချင်းသီဆို ဖို့အတွက် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ တုန်ခါမှုတွေကို သံစဉ်တွေ အဖြစ်မှတ်သားပြီး စည်းချက်ကျကျ သီဆိုတာပဲဖြစ်ပါတယ်။ အဓိကအားဖြင့် သီချင်းဆိုချိန်တိုင်း ဖိနပ်ချွတ်ထားပြီး သူမခြေဖ၀ါးကတစ်ဆင့် တုန်ခါမှု ကို ခံစားသီဆိုတာပဲဖြစ်ပါတယ်။ လေးကြိုးတပ် ဂစ်တာကို လည်း တီးခတ် သီဆိုပြထားပုံက စည်းကိုက် ၀ါးကိုက်ပါပဲ ။
          သာမန်လူတွေ သီဆိုတာ ထက်ကောင်းမွန် ပြီး  Simon Cowell ကတော့ "Adele" လို့တောင်  မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဆိုပုံ ဆိုပေါက် မတူပေမဲ့ "Adele'' လို ချိုမြိန်အောင် သီဆို နိုင်လို့ပါတဲ့။ America Got Talent Show မှာသီဆိုတဲ့ သူ့ကိုယ်ပိုင်သီချင်း "Try'' ကို ဆုံးဖြတ်နားဆင်နိုင် အောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..



            Golden Buzzer ရပြီးနောက်ပိုင်း သီဆို ယှဉ်ပြိုင်တဲ့ ဗီဒီယို ဖိုင်တွေကို လည်း ဆက်လက်ဝေမျပေးသွားပါအုန်းမယ်။ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင်တော့ ဒီ ပို့စ်လေးကို Like & Share လေးလုပ်ပေးပါအုန်း။

Comments