ကြီးပွားအောင်မြင်ချင်တဲ့ ဘော်ဘော်တို့ အတွက် ကြီးပွားဖို့လိုက်နာစရာတွေ ကတော့....


         ယနေ့ခေတ် အောင်မြင်ချင်တဲ့ လူငယ်တွေ အတွက် သတိပြုစရာ အောင်မြင်ခြင်း  လှေကားထစ်လေးတွေ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနည်းငယ် လိုက်နာရင်တောင် အကျိုးရှိတဲ့လှေကားထစ် လေးတွေ ကတော့-


(၁) မစဉ်းစားပဲ ငွေ မသုံးပါနဲ့ ။
       ဒီ နေ့ ကိုယ် သုံးလိုက်တဲ့ ပိုက်ဆံ တွေ ပာာ ကိုယ့် အနာဂတ်ငွေရေးကြေးရေး ကို ထိန်းချုပ်ထားတဲ့ အရာပဲ ဖြစ်ပါတယ် ။ လိုအပ်သလောက် သုံးပြီး လိုချင်သလောက် မသုံးဖြစ်ဖို့ ခွဲခြားတတ်ဖို့လိုအပ်ပါတယ်။ 

(၂) အကြွေးမရှိအောင်နေပါ ။
     အကြွေးတွေ များလာတိုင်း သင့် ၀င်ငွေထွက်ငွေ တဖြည်းဖြည်း မညီမျှလာတာနဲ့ အတူတူပါပဲ ။အကြွေးမရှိအောင် နေတတ်ခြင်း ကလည်း သင့် အတွက် တိုးတက်စေနိုင်ဖို့ အထောက်အကူပြုမှာပါ။

(၃) အသေးစိပ်ပါ။
     သင်ငွေထွက်ငွေ စာရင်းမရှိခြင်း ၊ စည်းစနစ်တကျ ငွေသုံးစွဲမှုမရှိခြင်းတွေ က မိမိ လက်တွေ့ဘ၀မှာ ငွေကြေးကြပ်တည်းနေတာတွေရဲ့ အဓိက အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်နိုင်သမျှအသေးစိပ်တာကလည်း သင့် အတွက် အောင်မြင်ခြင်းလမ်းစဖြစ်စေမှာပါ။

(၄) အပိုငွေ လိုငွေ တွေကို သိပါ ။
     ငွေရေးကြေးရေး plan မချတာ အနာဂတ်အတွက် အစီအစဉ် မတွေးထားတာတွေ ကအရေးပေါ်အကြပ်အတည်းတွေ မှာ အခက်အခဲဖြစ်စေပါတယ်။ 

(၅) ငွေစုပါ ။
  အနာဂတ်အတွက် ငွေ စုခြင်းက လည်း အောင်မြင်မှု လှေကားထစ်တစ်ခုပါပဲ ။ ကြီးမားတဲ့ အောင်မြင်မှု တိုင်း က သေးသေးလေးတွေ ကပဲ စခဲ့တာပါ။

(၆) လေလွင့်မနေဘဲ ဘ၀ပန်းတိုင်တခုထားပါ။
     ပန်းတိုင်မရှိတဲ့ ဘ၀ က သောင်ပြင်လွတ်တဲ့ခွေးလိုပါပဲ ဘ၀အစိတ်အပိုင်းတိုင်းကို ငွေကြေးထိန်းချုပ်တတ်မှု နဲ့  ပန်းတိုင်တစ်ခုစီရှိသင့်ပါတယ်။

(၇)ဗပာုသုတရှိပါစေ။
     ပန်းတိုင်ရှိတယ် ငွေကြေးထိန်းချုပ်မှုရှိတယ်ဆိုရင်တောင် ဗပာုသုတမရှိရင် လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အလွန်ခက်ပါတယ် ။ ငွေကို ဘယ်လိုရင်းနှီးမလဲ ၊ ဘယ်လိုတိုးပွားအောင်လုပ်မလဲ ဆိုတာထက် သင့်တော်တဲ့ ရင်းနှီးမြုပ်နှံ မှု တွေအတွက် ဗပာုသုတကောင်းကောင်းရှိဖို့က လည်း အဓိကကျတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။

Comments