ဂျပန်နိုင်ငံမှာ တွေ့နိုင်တဲ့ အထူးအဆန်းတွေ ကို သူငယ်ချင်းတွေ
သိဖို့မျဝေပေးလိုက်တယ်နော် ။
ဂျပန်နိုင်ငံက အထူးအဆန်း အကြောင်းအရာတွေကတော့-
ခွေးမမွေးဘူး
ခွေးစက်ရုပ်မွေးတယ်
အိမ်မွေးတိရ စ္ဆာန်လေးတွေကို
ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုရင်တော့ ဂျပန်နိုင်ငံမှာ နောက်ထပ်ထူးဆန်းတဲ့အရာတစ်ခု
ရှိပါသေးတယ်။ ဂျပန်မှာခွေးတစ်ကောင်မွေးရင်ကုန်ကျမယ့်စရိတ်က ကားအသစ်တစ်စီး
ဝယ်ရင်ကုန်ကျမယ့် စရိတ်လောက်ရှိပါတယ်။ အဲ့ဒီတော့ဂျပန်မှာ
အိမ်မွေးတိရစ္ဆာန်မွေးချင်တဲ့သူတွေက တကယ့်တိရစ္ဆာန်အစစ်တွေအစား စက်ရုပ်လေးတွေကို
ဝယ်ပြီးမွေးကြပါတော့တယ်။ ဒီစက်ရုပ်တွေမှာ အာရုံခံစနစ်အများအပြားပါဝင်တာကြောင့်
တကယ့်တိရစ္ဆာန်တစ်ကောင်လိုရွေ့လျားနိုင်သလို နောက်ဆုံးပေါ်စက်ရုပ်တွေမှာဆိုရင်
အသံတောင်ထွက်နိုင်ပါတယ်။ ပြီးတော့ တကယ့်တိရစ္ဆာန်အစစ်တွေလို အစာကျွေးဖို့မလိုသလို၊
အညစ်အကြေးအတွက်လည်း စိတ်ပူဖို့မလိုပါဘူး။
ပန်းချစ်တဲ့လူမျိုး ပန်းနဲ့လုပ်တဲ့အစားအစာတွေ
ဆာကူရာပန်းပွင့်လေးတွေက
ဘယ်လိုအရသာရှိမလဲဆိုတာ မသိချင်ကြဘူးလား။ အဲ့ဒီလိုမျိုးသိချင်တယ်ဆိုရင်
ဂျပန်ရိုးရာအစားအသောက်တစ်မျိုးဖြစ်နေတဲ့ Wagashi ကိုစမ်းပြီးစားကြည့်ပါ။
ဂျပန်တွေဟာ ချယ်ရီတွေပွင့်တဲ့ ရာသီရောက်ရင် အမြတ်တနိုးနဲ့ထိုင်ကြည့်တတ်တဲ့သူမျိုးတွေဖြစ်သလို
အပင်တစ်ပင်လုံးကိုလည်း ပြည့်ပြည့်ဝဝ အသုံးချတတ်တဲ့သူတွေပါ။ နွေဦးရာသီရောက်ရင်
ဂျပန်တစ်နိုင်ငံလုံးမှာ ပန်းရောင်လွှမ်းနေလေ့ရှိပြီး
ချယ်ရီနဲ့ပက်သက်တဲ့မုန့်အမျိုးမျိုးကိုလည်း နေရာအနှံ့မှာတွေ့မြင်နိုင်ပါတယ်။
ကိုယ်ရကိုယ်ထိုင်
ဘတ်စ်ကားစီးတာပဲဖြစ်ဖြစ်၊
မီးရထားစီးတာပဲဖြစ်ဖြစ် ဂျပန်မှာ ကျွန်တော်တို့နဲ့တော်တော်ကြီး ကွဲလွဲနေတဲ့
အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဂျပန်မှာ ကလေးတွေ၊ မိန်းမတွေနဲ့ လူကြီးတွေ
တက်လာရင် ကိုယ်ထိုင်နေတဲ နေရာကထပေးဖို့ မလိုပါဘူး။ အရင်ရောက်တဲ့သူ အရင်ထိုင်ဆိုတဲ့စနစ်ကိုပဲ
ကျင့်သုံးပါတယ်။ အဲ့ဒီတော့ ဂျပန်သာရောက်သွားခဲ့ရင် ကျွန်တော်တို့
မြန်မာလူမျိုးတွေအတွက် အနည်းငယ်ဂွကျနေသလို ဖြစ်နေပါလိမ့်မယ်။ ဘယ်သူ့ကိုမှ
ထပေးဖို့မလိုဘူးနော်
ပလက်စတစ်နဲ့
မမှားစေနဲ့
ဂျပန်နိုင်ငံက
စားသောက်ဆိုင်တော်တော်များများက သူတို့ဆိုင်မှာရတဲ့ အစားအစာတွေကို ပလက်စတစ်နဲ့
လုပ်ပါတယ်။ Customers တွေစားဖို့အတွက်တော့ မဟုတ်ပါဘူး။ စားစရာတွေကို
မျက်လုံးနဲ့မြင်အောင် အပြင် မှာ နမူပြထားတဲ့သဘောပါ။ တကယ့် အစားအစာအစစ်တွေဆိုရင်
အပြင်မှာအကြာကြီးထားဖို့အဆင်မပြေတာ ကနေ ဒီအလေ့အထဖြစ်လာလို့ထင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့
စားသောက်ဆိုင်တော်တော်များများမှာ ဒီလို ပလက်စတစ်နဲ့လုပ်ထားတဲ့
နမူနာအစားအသောက်ပုံစံလေးတွေကို တွေ့နိုင်ပါတယ်။
သွားတက်ပါမှ
ပိုလှတာ
ဂျပန်မှာ သွားတက်ပါတဲ့ကောင်မလေးတွေရဲ့
အပြုံးကို အလှဆုံးလို့သတ်မှတ်လေ့ရှိပါတယ်။ တခြားသူတွေရဲ့ အလှစံသတ်မှတ်ချက်တွေနဲ့
နည်းနည်းကွဲလွဲနိုင်ပေမယ့် ကျွန်တော်တို့ဆီမှာလည်း သွားတက်ပါတဲ့သူတွေ ပြုံး
ရင်တယ်လို့ ပြောလေ့ရှိပါတယ်။
မှားနှိပ်မိရင်
ကွိုင်တက်မယ်
ဂျပန်မှာ အိမ်သာတက်ရတာက
လေယာဉ်မောင်းရတာထက် ပိုခက်နိုင်ပါတယ်။ ဂျပန်နိုင်ငံက အိမ်သာတွေမှာ အလိုအလျောက်စနစ်
အများအပြားတာမို့လို့ ကျွန်တော်တို့ပုံမှန်တက်နေတဲ့အိမ်သာတွေနဲ့ မတူပါဘူး။
နောက်ပြီးအိမ်သာမှာရှိတဲ့ ထိန်းချုပ်ရေးခလုတ်ခုံက ခလုတ်တွေက လေယာဉ်တစ်စီးမှာရှိတဲ့
ခလုတ်တွေလောက်ကို များနေတာကြောင့် ရုတ်တရက်ဆို ဘာနှိပ်ရမလဲမသိဘဲ ရုတ်တရက်ကြောင်သွားနိုင်ပါသေးတယ်။
နောက်ပြီး ဂျပန်က အင်ဂျင်နီယာတွေက အိမ်သာမှာ ကျန်းမာရေးနဲ့ပက်သက်တဲ့ Sensor
တွေထည့်ထားပေး တာကြောင့် ဆီးကနေတစ်ဆင့် သွေးထဲမှာရှိနေတဲ့ သကြားဓါတ်ပမာဏကို
တိုင်းတာနိုင်ဦးမှာဖြစ်သလို သွေးခုန် နှုန်းတို့၊ သွေးဖိအားတို့ကိုလည်း
ဖော်ပြပေးနိုင်ပါသေးတယ်။ (မှတ်ချက် – နောက်ဆုံးပေါ်အိမ်သာတွေကို ပြောတာနော်)
မစင်ဆိုက်စုံ
မြင်ဖူးလား
ဂျပန်မှာ အိမ်သာနဲ့ပက်သက်တဲ့
အသုံးအဆောင်ပစ္စည်းတွေကို ပြတဲ့ ပြတိုက်ကြီးတစ်ခု ရှိပါတယ်။ ကျွန်တော်
တို့ဆီမှာတော့ ရွံ့လို့ဘယ်သူမှ သွားကြမှာမဟုတ်ပါဘူး။ ပြတိုက်အဝင်အဝမှာကတည်းက
ချီးပုံကြီးအကြီးကြီး တစ်ခုကို တွေ့ရမှာပါ။ အထဲမှာ ချီးတုံးဒီဇိုင်းပုံစံမျိုးစုံ
ရှိသလို အိမ်သာဒီဇိုင်းပုံစံအမျိုးမျိုးလည်း ရှိပါတယ်။ ပြတိုက်ထဲက ကလေးတွေ
ဝင်ရောက်ကစားနိုင်တဲ့ အိမ်သာခွက်ပုံစံကစားကွင်းကြီးကိုမြင်ရင်တော့ အော်ကလီမဆန်သွားကြ
နဲ့ဦးနော်။
အရသာမျိုးစုံနဲ့
ရေခဲမုန့်တွေ
ခေါက်ဆွဲအရသာ၊ အသားအရသာနဲ့ ဘီယာအရသာ
ရေခဲမုန့်တွေကို စားဖူးချင်တယ်ဆိုရင်တော့ ဂျပန်ကိုသွား ကြည့်သင့်ပါတယ်။
အစားကဝေကြီးတွေအနေနဲ့ ဂျပန်မှာ ကွဲပြားခြားနားတဲ့ ရေခဲမုန့်ပုံစံအမျိုးမျိုးကိုတွေ့ရင်
မအံ့သြဘဲ နေမှာမဟုတ်ပါဘူး။ ဝယ်ရခက်မှာလည်းမပူပါနဲ့။ ဒီလိုရေခဲမုန့်တွေက ဂျပန်မှာ
ရှားပါးပစ္စည်းမဟုတ်ပါ ဘူး။ လူကြိုက်များတဲ့ ရေခဲမုန့်တွေဖြစ်တာမို့လို့
လမ်းစုံလမ်းခွနဲ့ နေရာတော်တော်များများမှာ အလွယ်တကူ ဝယ်ယူနိုင်မှာပါ။
ယုန်တွေနေတဲ့ကျွန်း
ဂျပန်မှာ
ယုန်တွေကြီးစိုးတဲ့ကျွန်းကြီးတစ်ကျွန်းရှိပါတယ်။ တကယ့် ကာတွန်းကားတွေ၊
ပုံပြင်တွေထဲကလို ယုန် တွေနေတဲ့ကျွန်းပါ။ ဒုတိယကမ္ဘာစစ်ကာလတုန်းက Okunoshima
ကျွန်းပေါ်မှာ လျှို့ဝှက် သုတေသန လုပ်ဖို့အတွက် ယုန်တွေကိုဖမ်းပြီး ယူလာပါတယ်။
နောက်ပိုင်း စီမံကိန်းပျက်သွားပေမယ့် ယုန်တွေက ကျွန်း ပေါ်မှာ ရှင်ကျန်ခဲ့ပါတယ်။
အခုအချိန်မှာတော့ အဲ့ဒီများပြားလှတဲ့ယုန်တွေဟာ ထောင်သောင်းနဲ့ချီတဲ့
ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်နေပါပြီ









Comments
Post a Comment