ကျွန်တော်တို့ တော်တော်များများ အသီးတွေ ကြိုက်ကြပါတယ်။ ဒါပေမဲ့ လူတွေ က ကိုယ့်အကြိုက်နဲ့ ကိုယ် ကွဲလွဲမှုအများဆုံးဖြစ်လေ့ရှိတဲ့ အသီး တွေ လည်း ရှိပါသေးတယ် ။ အများစုကတော့ ကျွန်တော်တို့ စားဖူးနေကျ အသီးတွေပါပဲ ။ ကြိုက်တဲ့ သူရှိသလို မကြိုက်တဲ့သူတွေလည်း ရှိတဲ့ အသီးတွေကတော -
(၁) ဒူးရင်းသီး (Durian)
လူအများစု ကြိုက်တယ် မကြိုက်ဘူး အစရှိသဖြင့် ကွဲလွဲလေ့ အရှိဆုံး အသီးပါပဲ ။ သူ့ရဲ့ နံတဲ့ အနံ့ ကြောင့် အရှေ့တောင်အာရှနိုင်ငံတော်တော်များများ ကားတွေ လေယာဉ်တွေ လူထူထပ်တဲ့ နေရာတွေ မှာ သယ်ဆောင်စားသုံးခွင့် ပိတ်ထားကြပါတယ် ။ ကျွန်တော်တို့ဆီမှာတော့ YBS ပေါ်မှာပေါ့ဗျာ။
(၂) ကျူပူအာကျူ (Cupuacu)
ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန် မိုးသစ်တောထဲ က ဒီ ကျူပူအာကျူအသီးကတော့ အကောင်းတကာ့
အကောင်းဆုံးပါတဲ့ ။ အာပာာရပြည့်စုံပြီးတော့ စားကြည့်ရင် ပျော့စိစိလေးပါတဲ့ ။ မြန်မာပြည်မှာတော့ မြင်ဖူးတာ
စားဖူးတာ လက်ချိုးရေလို့ရပါတယ် ။ ဘရာဇီးရောက်ရင်စားကြည့်အုန်းနော်။
(၃) အကီး (Ackee)
အာဖရိကအနောက်ပိုင်းမှာပေါက်ရောက်တဲ့ ဒီအသီးကတော့ မှည့်သွားမှ စားလို့ရတာဖြစ်ပြီး အခွံကနေကွဲ ထွက်ပြီးပေါ်လာတဲ့ အထဲကအသီးက အမြဲနှစ်မွာပါပဲ ။ ထိပ်ပိုင်းကတော့ အစေ့ အမည်း အကြီးကြီး ရှိပါတယ်။ အာဖရိကမှာတော့ ဒီ အသီးကို ငါးအသားနဲ့ ရောစားတာ ကောင်းမှကောင်းပဲတဲ့ ။ဒါလဲ မြန်မာနိုင်ငံမှာစားဖူးတာ လက်ချိုးရေလို့ရပါတယ် ကြုံရင်စားကြအုန်း။
(၄) ရေခဲမုန့် ပဲသီး (Ice-cream Bean)
၁ မီတာကျော်ရှိတဲ့ ပဲသီးအရှည်တွေ တကယ်ရှိတယ်ဆိုရင် အံ့သြစရာများဖြစ်သွားမလား ။ တောင်အမေရိကမှာ ဒီအတိုင်းစားလို့ရတဲ့ ရေခဲမုန့်ပဲသီးတွေ တကယ်ရှိပါတယ် ။ အရည်ရွမ်းပြီး ဗင်နီလာ ရေခဲမုန့်စားရသလို ဖြစ်နေမှာဖြစ်ပြီး ပါးစပ်ထဲထည့်လိုက် စုပ်စားလိုက် လုပ်ရုံပါပဲ ။ ဒါလဲ လက်ချိုးရေလို့ရတယ်နော့။
(၅) ပိန္နဲသီး (Jackfruit)
မြန်မာပြည်မှာတော့ ကြိုက်တဲ့ သူတွေ များပါတယ် ။ ဒါပေမဲ့နိုင်ငံတကာမှာတော့ မကြိုက်တဲ့သူတွေ ခပ်များများရှိနေပါသေးတယ်။ အချိုကြိက်တဲ့ သူတွေ ကတော့ ကြိုက်ကြပါတယ်။
(၆) ကနစိုးသီး (Langsat)
ချဉ်လိုက် ချိုလိုက် နဲ့ ဒီ အချိုအချဉ်သီးတွေ ကို တော့ စားဖူးကြမှာပါ ။ စပျစ်သီးလို အခိုင်လိုက်ရှိတဲ့ ဒီ ကနစိုးသီးကိုတော့ နိုင်ငံတကာမှာ ကြိုက်တဲ့ သူနည်းတယ် ။
(၇) မင်းဂွတ်သီး (Mangosteen)
ဒါလည်း ကြိုက်တဲ့သူများပါတယ် ။ အက်စစ် နဲ့ သကြားဓါတ် ကြွယ်ဝတဲ့ အသီးဖြစ်ပြီး ပါးစပ်မှာပျော်ဝင်သွားသလို အရသာရှိတဲ့ အသီးပါပဲ ။
(၈) ဆလက် (Salak)
ဒီအသီးကတော့ အက်မင် မစားဖူးတဲ့ မြန်မာနိုင်ငံက အသီးပါ။ မြွေအရေခွံ မှာ အဆူးပေါက်နေသလို ဖြစ်နေတဲ့ အသီးပုံစံနဲ့ နာနတ်သီးလို အရသာဆင်တူပါတယ်။ အက်မင်ကတော့ နာမည် မသိလို့ ဆလက် လို့ပဲ ခေါ်လိုက်တော့တယ်။









Comments
Post a Comment