၂၀၁၈ MMA တစ်နှစ်တာ ဆုပေးပွဲတွင် မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန် ဆုနှစ်ဆုရရှိခဲ့.........

 

           One Championship MMA ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်းနှင့်လိုက်ပဲာဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုရရှိထားသူ ကချင်တိုင်းရင်သား အောင်လအန်ဆန်သည် ၂၀၁၈ ခုနှစ်အတွက် Global Martial Award ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသားအားကစားသမားဆု၊ အကောင်းဆုံးပွဲဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။
       အောင်လအန်ဆန်သည် နိုဝင်ဘာလ ၈ရက်နေ့ ညပိုင်းက စင်ကာပူနိုင်ငံတွင်ကျင်းပသော 2018 Golabl Martial Art Awards ဆုပေးပွဲတွင် ပေးအပ်ခဲ့သည့် ဆု ၁၆ မျိုးထဲမှ MMA သူရဲကောင်းဆု (Martial Arts Hero of the Year) ၊အကောင်းဆုံး အမျိုးသားအားကစားသမားဆု( Male Athlete of the Year)၊ အကောင်းဆုံးပွဲဆု(Bout of the Year)၊ အကောင်းဆုံးအလဲထိုးပွဲဆု(Knockout of the Year)၊ပွဲသိမ်းအမြန်ဆုံးဆု(Walkout of the Year) တို့၏ ဆန်ကာတင် စာရင်းတွင်ပါဝင်လာခဲ့ပြီး အကောင်းဆုံး အမျိုးသားအားကစားသမားဆု (Male Athlete of the Year) နှင့် အကောင်းဆုံးပွဲဆု(Bout of the Year) တို့ ကို ရရှိခဲ့ခြင်းဖြစ်သည်။
       အောင်လ အန်ဆန် မှ " ပြီးခဲ့တဲ့ရက်က Singapore မှာကျင်းပခဲ့တဲ့ 2018 Global Martial Art ဆုပေးပွဲမှာ ကျွန်တော်ဆုနှစ်ဆုရခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားအားကစားသမားဆုနဲ့ အကောင်း ဆုံးပြိုင်ပွဲဆုကို ရရှိခဲ့တာပါ။ အကောင်းဆုံးပြိုင်ပွဲဆုကတော့ ကျွန်တော်နဲ့ကင်မ်ဟစဲဂါဝါတို့ထိုးခဲ့တဲ့ပွဲကိုရည်ရွယ်ပြီး ပေးတာဖြစ်ပါတယ်။ကျွန်တော့်ကို Global MMA မှာ အသိအမှတ်ပြုပြီး ဒီလိုမျိုးဆုပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။ကျွန်တော် MMA ကစားတာ ဒီလိုမျိုးဆုလိုချင်လို့တော့ မဟုတ်ပါဘူး ဒါပေမယ့်ဒီလိုမျိုး ကမ္ဘာကအသိအမှတ်ပြုတဲ့အတွက်တော့ အရမ်းဂုဏ်ယူပါတယ်။"......
     ၂၀၁၈ ခုနှစ်အတွင်း လိုက်ပဲာဗီးဝတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲနှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲနှစ်ပွဲကို အလဲထိုးပွဲများဖြင့်အနိုင်ရရှိခဲ့သောကြောင့် အကောင်းဆုံးအမျိုးသားအားကစားသမားဆု(Male Athlete of the Year) နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲဖြစ်သည့် ဂျပန် MMA ချန်ပီယံပဲာစီဂါဝါ နှင့်ထိုးသတ်သောပွဲ က အကောင်းဆုံးပွဲဆု(Bout of the Year) ကိုရရှိခဲ့ခြင်းဖြစ်သည်။


Comments